Friday, November 11, 2011

အသားအရေ၀င်းပစိုပြေဖို့

 














 2.နံ့သာကိုနှင်းဆီရေဖြင့်ဖျော်၍့ 

အနည်းငယ်ရောကာ သင့်မျက်နှာနှင့်ကိုယ်ခန္ဓာကိုလိမ်းကျံပြီး၁၅မိနစ်ခန့်ကြာလျှင် ရေခပ်နွေးနွေးဖြင့် ဆေးကြောပေးပါ။ အနည်းငယ်ရောကာ သင့်မျက်နှာနှင့်ကိုယ်ခန္ဓာကိုလိမ်းကျံပြီး၁၅မိနစ်ခန့်ကြာလျှင် ရေခပ်နွေးနွေးဖြင့် ဆေးကြောပေးပါ။
3.ရေခွက်ထဲ ပျားရည်အနည်းငယ်ထည့်ကာ မနက်ခင်းတိုင်း သောက်သုံးပေးပါက သင့်အသားအရေကို စိုပြေ ချောမွေ့ တောက်ပ စေနိုင်ပါသည်။ ၅.ပျားရည်ကို အနည်းငယ် အပူပေးပြီး ရှောက်ရည်၊ သံပုရာရည်ဖြင့် ရောကာ မျက်နှာကို ၁၀မိနစ်ခန့် ပေါင်းတင်ပေးပါ။
 

 
4.နနွင်း၊ နံ့သာ၊ သံလွင်ဆီ တို့ကို ရောစပ်၍ ခန္ဓာကိုယ်ကို လိမ်းပေးပြီး ၁၀မိနစ်ခန့်ကြာလျင် ရေဆေးပစ်ပါ။
5.နွားနို့ဖြင့် ခန္ဓာကိုယ်ကို နှိပ်နယ်ပေးပါ။ နွားနို့သည် အရေပြားကို ချောမွေ့သန့်စင်စေသော အကောင်းဆုံး အားဖြည့်အလှဆီ ဖြစ်ပါသည်။
6.အခန်းတွင်း အပူချိန်ကို ပုံမှန်အနေအထားတွင်သာ ထားရှိပါ။ အလွန်အေးခြင်း အလွန်ပူပြင်းခြင်း စသော အစွန်းရောက် အနေအထားကို ရှောင်ကျဉ်ပါ။
7.ရေကို အချိန်ကြာကြာချိုးပါက သင်၏ခန္ဓာကိုယ်ရှိ ဆဲလ်အသေများ အလိုလို ဖယ်ရှားပြီးသား ဖြစ်သွားပါလိမ့်မည်။ တဘက်ဖြင့် ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းကို ရှောင်ကြဉ်ပါ။
8. ဗီတာမင် အေနှင့်စီ များများပါဝင်သော အစားအစာကို စားပါ။
9.နေပူထဲထွက်ဖန်များ၍ အရေပြားများ နေပူလောင်သော် ပုံမှန်အသားအရေ ပြန်ရရှိရန်အတွက် သခွားရည်နှင့် ခရမ်းချဉ်သီးရည် ဆတူရောကာ ၄င်း အပူလောင်သောနေရာကို လိမ်းပြီး ၁၀မိနစ်ခန့်ကြာလျှင် ရေဆေးချလိုက်ပါ။

10.မုန်ညင်းဆီဖြင့် အရေပြားကို ၅မိနစ်ခန့် နှိပ်နယ်ပြီး ဂျုံမှုန့် အနုစား သို့မဟုတ် ဆပ်ပြာအပျော့စားဖြင့် ရေချိုးပေးပါ။
11. ဒိန်ချဉ်နှင့် ဂျုံမှုန့်တို့ကိုရောနယ်ကာ မျက်နှာပေါ်တွင် ၅မိနစ်ခန့်ထားပြီး ဆေးကြောပေးပါ။
12.အသားအရေ ကြမ်းတမ်း ညစ်နွမ်းနေသောသူများ အရေပြား ပြန်လည်စိုပြေ လှပလာစေရန်အတွက် အသီးအနှံ များများစားပါ။ မချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက် (အသုပ်) များများစားပါ။ဆိတ်နို့၊ ချိစ်၊ ထောပတ်သီး၊ မုံလာထုပ်၊ ပင်လယ်ကျောက်ပွင့် တို့ကို များများစားပေးပါ။
13. အရေးအကြောင်း၊ အတွန့်များသော မျက်နှာနှင့် အသားအရေ ပိုင်ရှင်များအတွက် သခွားသီးသည် အကောင်းဆုံး ကုသပေးနိုင်သော သဘာဝဆေးတစ်လက်ဖြစ်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ မျက်နှာပြင်ပေါ်တွင် 14မိနစ်ခန့်ထားပြီး ရေစင်အောင်ဆေးလိုက်ပါ။
15.အဖုအပိန့်များသောအရေပြားပိုင်ရှင်များသည် ပဲပင်ပေါက်၊ ဘာလီ၊ ဂျုံ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး ၊ သဖန်းသီး၊ သတွတ်သီး၊ ဟင်းနုနွယ်ရွက် စသည်တို့ကို များများစားသုံးသင့်ပါသည်။
16.ခြောက်သွေ့ကွဲအက်နေသော အသားအရေများအတွက် ဂျုံမြက်နုနှင့် အစိမ်းရောင် များများပါသော အသီးအရွက်များကို စားသုံးသင့်ပါသည်။
ဒီဘလော့လေးကိုဖတ်ပြီး သူငယ်ချင်းအားလုံး လှပချောမွေ့တဲ့မျက်နှားလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။ 
အိလေးငွေ
myanmarskylink မှကူးယူဖေါ်ပြပါသည်။
 

Tuesday, November 8, 2011

အဝေးရောက်ချစ်သူတို့၏အတားအဆီးများ

(၁)အခက်အခဲကို ဖော်ပြရန်မလွယ်ကူခြင်း 
တကယ်တော့ ဝေးကွာနေတဲ့ ချစ်သူနှစ်ယောက်အတွက် မက်ဆေ့ခ်ျ ပို့တယ်ဆိုတာ စကားသံကြားရတာမဟုတ်ဘူး... စကားပြောရတယ်ဆိုတာလဲ အမူအရာကို တွေ့ရတာမဟုတ်ဘူး။ တကယ်လို့ ငါ နင့်ကို စိတ်မဆိုးဘူးလို့ ပြောရင် နင်ယုံချင် ယုံမှာလား... ငါငိုနေတယ်ဆိုလဲ နင် တွေ့ရမှာ မဟုတ်ပါဘူးချစ်သူ.... မှတ်ချက်၊ ၊ vzo ပြောဖို့ရာ အမြဲမလွယ်ကူပါ... လွယ်ကူသည့်တိုင် မှန်ကန်သော ခံစားချက်ကို သိဖို့ရန် အခက်ကြုံနိုင်ပါသေးသည်...
(၂)ချစ်သူဆီက စကားသံကို အမြဲ မကြားနိုင်ခြင်း 
တကယ်လို့ သာ ချစ်သူနှစ်ယောက် အတူတူ ရှိခဲ့ကြရင် ... စကားအတူတူပြောလို့ရသလို နေ့တိုင်းလဲ မတူညီတဲ့ အကြောင်းအရာ... စကားအသစ်အဆန်းလေးတွေ ကြားဖို့ အခွင့်အရေး ရနိုင်တာပေါ့။ အတူတူ မနေနိုင်တဲ့ ချစ်သူ နှစ်ယောက် အတွက် မှာတော့... အမြဲပဲ "ငါနင့်ကို သတိရလိုက်တာ... လွမ်းတယ်" ဆိုတဲ့ စကားလေးတွေသာ ကြားရမှာလေ....ချစ်သူရယ် .... ငါနင့်အတွက် မရိုးနိုင်တဲ့ အကြောင်းအရာတွေကို ကြိုးစားရှာပါ့မယ်... ငါ့ကို " အော် ၊ ဟုတ်ပါပြီ " ဆိုတဲ့ စကားလေးတွေနဲ့ ပဲမနှစ်သိမ့်ပါနဲ့လား ..
(၃) လုံခြုံစိတ်ချမှု မရှိသလို ခံစားရခြင်း
   ဟန်းဖုန်းကို ကြည့်ရတာ ၁၀ ခါ လောက် ရှိပြီ.... နင်ဘာလို့ စာမပြန်သေးတာလဲ... နင် ဘယ်ရောက်နေလဲ ၊ ဘယ်သူနဲ့ အတူရှိနေလဲ.... ပြီးတော့ ဘာတွေ လုပ်နေသလဲ ချစ်သူ...
(၄) ရေနဲ့ဝေးရင် မီးဟာ ငြိမ်းဖို့ မလွယ်
     တကယ်လို့ဒီမှာ မိုးရွာတယ် ဆိုရင် .... သူငယ်ချင်းတစ်ယောက်ကပဲ ငါ့ကို ထီးလာပေးမယ်....ပတ်ဝန်းကျင်က မိသားစု မိတ်ဆွေတွေပဲ ရှိတယ်လေ..... တကယ်လို့ နင် နေမကောင်းဖြစ်တယ် ဆိုဦးတော့.... ငါစိတ်ပူနေရုံကလွဲလို့ ရေတစ်ခွက်တောင် တိုက်နိုင်မှာ မဟုတ်ပါဘူး...
(၅)ဝေးကွာခြင်းက စိတ်ကို ကစဥ့်ကလျားဖြစ်စေတယ်
    ဝေးကွာနေတဲ့ နင့်ကိုချစ်ရတာ..... ဘယ်လို စကားတွေကို ယုံကြည်ပေးရမလဲ.... ကောင်းတဲ့ အပြော... ချို သာတဲ့ စကားတွေနဲ့ ပြောနေပေမဲ့ ပြောတဲ့ စကားတွေက ကောင်းတယ်လို့တပ်အပ်မပြောနိုင်ဘူးလေ....
(၆) ဝေးကွာခြင်းက ချစ်သူ နှစ်ယောက်ကို အထင်လွဲ စေတယ်
    ငါက စိတ်လှုပ်ရှားဖွယ် အကြောင်းအရာ ကို နင့်ဆီ မက်ဆေ့ခ်ျပို့တဲ့ အခါ ... နင်က "အော် ဟုတ်လား " ဆိုတဲ့စကားလေးပဲ ပြန်ပို့တတ်တယ်.... တကယ်တော့ ငါ နင်အလုပ်များနေတာမသိလို့ပါ၊ တကယ်လို့ ငါ အလုပ်များတဲ့ အခါ ငါလဲ မက်ဆေ့ခ်ျ မပြန်.... ဖုန်းမဖြေခဲ့ရင် နင် ဘယ်လို ခံစားရမလဲ.... တမင်လုပ်တာ မဟုတ်ဘူးလို့ သိနေပေမဲ့  စိတ်မချတာတော့ အမှန်ပါပဲ ချစ်သူ...
(၇)အဖြူရောင် မုသားစကားသုံးစွဲရခြင်း
    တကယ်လို့ ငါသူ့ငယ်ချင်း ယောကျာ်းလေးတစ်ယောက်ယောက်နဲ ဆိုင်ကယ်(သို့)ကား အတူတူစီးဖြစ်မယ်ဆိုရင် စဉ်းစားပြီးတော့  မိန်းခလေး သူငယ်ချင်းနဲ့ စီးတယ်လို့ ပြောမိမှာပါ အဓိက ကတော့ အထင်မလွဲစေချင်လို့ပါ....နင်လဲ ဒီလို မဖြစ်ပါစေနဲ့ လို့ဆုတောင်းပါတယ် ချစ်သူ.... ငါ့ဘက်ကတော့ အိပ်မရတဲ့ ညတွေသာ တစ်နေ့တစ်ခြားပိုများလာခဲ့တာပေါ့။
(၈) အထီးကျန်ဆန်ခြင်း
 လူဟာ တစ်ယောက်တည်းနေတဲ့ အခါ အထီးကျန် မဆန်ပါဘူး... အခြားတစ်ယောက်ကို သတိရသွားတဲ့ အခါမှ အထီးကျန်ခြင်း မြစ်ဖျားခံပါတယ်။ နင်ကတော့ ပြောမှာပေါ့... နင့်ကို ဖက်ထားပါလို့.... ဒါပေမဲ့ ငါ့မှာ ပွေ့ဖက်စရာဆိုလို့ ခွလုံးလေးပဲ ရှိပါတယ်... မျက်လုံးကို မှိတ်ပြီး ခံစားမှုနဲ့ ပွေ့ဖက်ထားမှာပါ.... တကယ်လို့နင် ရုံးဆင်းတဲ့ အခါ နင်ငါ့ဘေးမှာ ရှိဖို့မှ မလွယ်ကူတာပဲချစ်သူ...
(၉) ယုံကြည်ချက် ပျက်သုဉ်းခြင်း
   တကယ်လို့  ချစ်သူနှစ်ယောက်သာ အတူတူရှိခဲ့ကြရင် တစ်ယောက် က အကူအညီလိုတဲ့အခါ တစ်ယောက်က ကူညီနိုင်တယ်လေ... အခက်အခဲကြုံရင် အတူတူ စဉ်းစားဖြေရှင်းလို့ရနိုင်တာပေါ့... အားပေးစကားပြောပေးမဲ့သူလဲ အနားမှာ အဆင်သင့်ဆိုတော့ အားဆေးမလိုတော့ဘူးလေ....တို့ နှစ်ယောက်က ဝေးနေကြတော့.... အားငယ်စိတ်ပျက်တဲ့ အခါမှာ ဘ၀မှာတန်ဖို့ထားတဲ့ ယုံကြည်ချက်တွေ ပျက်သုဉ်းသွားနိုင်လောက်ပါရဲ့ ချစ်သူရယ်။
(၁၀)စိတ်မချရခြင်း
            ငါတို့နှစ်ယောက်က မိုင်တွေအများကြီးဝေးနေတာ နော်ချစ်သူ။ ဝေးကွာလွန်းတဲ့မိုင်တွေနဲ့ အလွမ်းတွေကိုတိုင်းတာလိုက်ရင် အလွမ်းတွေက ပိုရှည်ပါတယ်ချစ်သူ။ ငါ့နောက်ကွယ်ရာမှာ တိုက်ဆိုင်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါ့ကိုသတိယ ပါချစ်သူ။တစ်ခြားမိန်းခလေးတွေနဲ့ထိန်းထိန်းသိမ်းသိမ်း ဆက်ဆံပါချစ်သူ။ ယုံကြည်နေပါ့မယ်…..  
အထက်ပါအချက်(10)ချက်ကို အျေကြာင်းပြုပြီး ကွဲကွာနေသောချစ်သူများ တစ်ဦးနှင့်တစ်ဦးနားလည်မှု ပေးနိုင်ကြပါစေ။
အိလေးငွေ

Tuesday, November 30, 2010